Posts

ဗဟုသုတ

"ပြောရမယ်ဆို ဗမာတောင် မဖြစ်ချင်တော့ဘူး …" ကျနော့် မျိုးရိုးဗီဇ ဆင်းသက်မှုရှုပ်ထွေးချင် ရှုပ်ထွေးမယ်…။မှတ်ပုံတင်မှာ ဗမာဖြစ်တဲ့အတွက်ရော ဗမာ့ယဉ်ကျေးမှုကြားမှာ ရှင်သန်လာရတဲ့ အတွက်ရော ကိုယ့်ကိုယ်ကိုယ် အများဆုံး ဗမာလို့ ခံစားရပါတယ်…။ ခဗျားတို့ အမြင်နှယ် …မြန်မာပြည်မယ် ကုလားတွေ အနှိမ်ခံရတယ်.။ဗမာ မဟုတ်တဲ့ တိုင်းရင်းသားတွေ အနှိမ်ခံရတယ် …မြင်လိမ့်မယ်.။ကျနော် ခံစားမိတာကတော့ အများဆုံး အနှိမ်ခံရတာ ဗမာတိုင်းရင်းသားပါပဲ…။ မြန်မာပြည်မှာ ဗမာဖြစ်ရတာလေ … ကျန်တဲ့ တိုင်းရင်းသားတွေက ဗမာစစ်တပ်လို့ မြင်တယ်…။ကျနော်မွေးကတည်းက ခုထိ ဗမာမှာ စစ်တပ်ကိုမရှိခဲ့တာ…။နိုင်ငံတပ်မတော်ပဲရှိတယ်…။အဲဒီမှာ ဗမာအများစု ဖြစ်တဲ့အတွက် ဗမာအမှုထမ်းလို့ ဗမာ့စစ်လို့ ခေါ်ကြလားမသိပါဘူးဗျာ…။ကျန်တဲ့ တိုင်းရင်းသားတွေမှာ သူတို့စစ်တပ်နဲ့ သူတို့ရှိပါတယ်…။ ကျနော်တို့မှာ မရှိပါဘူး…။ အာဏာရှင်တွေနဲ့ သူ့အပေါင်းအပါတွေ ခဏဖယ်ထားဦး…။မြန်မာပြည် ဘယ်နေရာ ဘာဖြစ်ဖြစ် စစ်တပ်ကဝင်ကူရတာပဲ…။မကူပြန်လည်း နိုင်ငံတပ်မတော် မဟုတ်ဘူးလား ပြောခံရဦးမယ်…။ ဗမာ့စစ်တပ်လို့ သူတို့ကပြောတယ်…။အာဏာရှင်အောက်မှာ ဗမာလည်းခံခဲ့ရတာပဲလေ…။အရေအခင်းတွေကြည့် ဗမာတွေအများဆု