ဗဟုသုတ
"ပြောရမယ်ဆို ဗမာတောင် မဖြစ်ချင်တော့ဘူး …"
ကျနော့် မျိုးရိုးဗီဇ ဆင်းသက်မှုရှုပ်ထွေးချင် ရှုပ်ထွေးမယ်…။မှတ်ပုံတင်မှာ ဗမာဖြစ်တဲ့အတွက်ရော ဗမာ့ယဉ်ကျေးမှုကြားမှာ ရှင်သန်လာရတဲ့ အတွက်ရော ကိုယ့်ကိုယ်ကိုယ် အများဆုံး ဗမာလို့ ခံစားရပါတယ်…။
ခဗျားတို့ အမြင်နှယ် …မြန်မာပြည်မယ် ကုလားတွေ အနှိမ်ခံရတယ်.။ဗမာ မဟုတ်တဲ့ တိုင်းရင်းသားတွေ အနှိမ်ခံရတယ် …မြင်လိမ့်မယ်.။ကျနော် ခံစားမိတာကတော့ အများဆုံး အနှိမ်ခံရတာ ဗမာတိုင်းရင်းသားပါပဲ…။
မြန်မာပြည်မှာ ဗမာဖြစ်ရတာလေ …
ကျန်တဲ့ တိုင်းရင်းသားတွေက ဗမာစစ်တပ်လို့ မြင်တယ်…။ကျနော်မွေးကတည်းက ခုထိ ဗမာမှာ စစ်တပ်ကိုမရှိခဲ့တာ…။နိုင်ငံတပ်မတော်ပဲရှိတယ်…။အဲဒီမှာ ဗမာအများစု ဖြစ်တဲ့အတွက် ဗမာအမှုထမ်းလို့ ဗမာ့စစ်လို့ ခေါ်ကြလားမသိပါဘူးဗျာ…။ကျန်တဲ့ တိုင်းရင်းသားတွေမှာ သူတို့စစ်တပ်နဲ့ သူတို့ရှိပါတယ်…။
ကျနော်တို့မှာ မရှိပါဘူး…။
အာဏာရှင်တွေနဲ့ သူ့အပေါင်းအပါတွေ ခဏဖယ်ထားဦး…။မြန်မာပြည် ဘယ်နေရာ ဘာဖြစ်ဖြစ် စစ်တပ်ကဝင်ကူရတာပဲ…။မကူပြန်လည်း နိုင်ငံတပ်မတော် မဟုတ်ဘူးလား ပြောခံရဦးမယ်…။
ဗမာ့စစ်တပ်လို့ သူတို့ကပြောတယ်…။အာဏာရှင်အောက်မှာ ဗမာလည်းခံခဲ့ရတာပဲလေ…။အရေအခင်းတွေကြည့် ဗမာတွေအများဆုံး သေခဲ့တာပဲဟာ…။
ကျနော်တို့မယ် ဘယ်တိုင်းရင်းသား ဒုက္ခဖြစ်ဖြစ် မကူညီနိုင်ရင်တောင် ဝမ်းနည်းကြရတယ်…။ကျနော် နယ်သွားတယ်…။ငယ်ငယ်ကပေါ့…။ဘောပင်လိုက်ရောင်းတာ…။
တိုင်းရင်းသားဆိုင်တစ်ဆိုင်က ဘာပြောလည်းဆိုတော့
"နင်တို့ ဗမာတွေကို အယုံအကြည်မရှိဘူး…
စောက်ဗမာတွေ နင်တို့ မကောင်းလို့ …………"ပွစိပွစိပေါ့ဗျာ…။
ကျနော့်မယ် …ကျနော်ဟာ ဗမာဖြစ်ရတာ အပြစ်သားတစ်ယောက်ပါလား…။ကုလားတောထဲလည်း နေဘူးတယ်…။တချို့ကုလားတွေ ဆိုးတယ်ဆိုတာ ဟုတ်တယ်…။ဒါပေမယ့် တချို့ကုလားတွေ ကောင်းတယ်…။ ဘာသာရေး အစွဲအလန်းလွန်မှု အကြောက်တရားကြောင့် တချို့တွေက ကိုယ့်သားသမီးကို သင်ထားတာရှိတယ်…ခွဲခြားထားတာ ရှိတယ်…လုံးဝမရှိဘူး မပြောပါနဲ့…။ပြောမယ်ဆိုဗျာ ကုလားတောထဲမှာ ဗမာဟာ အခွဲခြားခံပြန်ဖြစ်တယ်…။
ကျနော့်ကို ကုလားကြီးတစ်ယောက် နရင်းအုပ်ဖူးတယ်…။ကျနော်ရှိလှ ၃ ၄ တန်းပေါ့လေ…။အဲဒါခုထိ မှတ်မိသေးတယ်…။သူ့ကားအောက် ဝင်ဆော့မိလို့ ကျနော့်ကို တီးတာ…"စောက်ဗမာတွေ ကမြင်းချက်…"ဆိုပြီး ။ကိုယ့်မှာ မျက်ရည်လေး ဝဲဝဲနဲ့ အိမ်လည်းပြန်မပြောရဲဘူး…။ပြောရင် ဘာလို့ အဲ့လောက်ကမြင်းတာလဲ ဆိုပြီး ကိုယ့်ထပ်ဆော်မှာ ကြောက်ရတာကိုး…။
တခြားတိုင်းရင်းသားတွေက သူတို့ချင်းဆို စည်းလုံးတယ်။သူတို့ စိတ်မယ် ငါတို့ဟာ လူနဲစု…ငါတို့ချင်း အမြဲစည်းလုံးရမယ်ဆိုပြီး သံမှိုစွဲထားသလိုပဲ…။ဘယ်နေရာရောက်ရောက် သူတို့ချင်းတွေ့ကြည့် ဖက်လည်းတကင်း ရှိကြတယ်…။ကျနော်တို့ ဗမာတွေမှာ အဲ့လို မရှိပါဘူး…။အိမ်ချင်းကပ်တောင် တစ်ယောက်အတင်း တစ်ယောက် တုတ်နေကြ…ထချကြ…ကပ်ဆက် ပြိုင်ဖွင့်ကြ…တရားဖွင့်တာအစ ကိုးကွယ်တဲ့ ဘုန်းကြီးကျောင်းတောင်ပြိုင်ကြတာ အဲလိုစည်းလုံးတာပါ…။
ဗမာတွေ အစုလိုက်အပြုံလိုက်သေရင် တချို့က စောက်ဗမာတွေ သေကြလို့ ပြောတယ်…။ကျနော့်မှာ တခြားတိုင်းရင်းသား သောင်းကျန်းသူသေရင်တောင် ဘာတိုင်းရင်းသားဆိုပြီး မပြောရက်ဘူး.။လက်နက်ကိုင်သောင်းကျန်းသူ သေ …ဒီလောက်ပဲ ပြောရဲတယ်…။တော်ကြာ ဗမာတွေက တိုင်းရင်းသားတွေကို ကျွန်လို သဘောထားတယ် ထင်မှာစိုးလို့ …။
အဆိုပြိုင်ပွဲတွေကြည့် …အောင်မြင်တဲ့ အဆိုတော်တွေကြည့်…။တိုင်းရင်းသားတွေ ဘာသာခြားတွေ အများအပြားပါ…။ဗမာသံမပီတာတောင် ချစ်ဖို့ကောင်းတယ်ဆိုပြီး အားပေးကြတာပါ…။ကျနော်ဆို အသံဝဲဝဲလေးတွေဆို အပြုံးဖြစ်မိတယ်…။ဒါပေမယ့် တချို့တိုင်းရင်းသားတွေက သူတို့စကားမပီတာကို ရယ်မိရင် ဒေါသဖြစ်တတ်ကြတာလည်း ရှိတယ်…။ကိုယ်ကတော့ ဘာရယ်မဟုတ်ဘူး အရယ်သန်လို့ ရယ်မိတာပါ…။ကိုယ်ကိုယ်တိုင်လည်းတိုင်းရင်းသားတွေ အသံသဘောကျလို့ မပီကလာပီကလာ တခါတလေလည်း လိုက်ပြောဖူးပါတယ်…။
ကျနော်က စာရေးရတာ ဝါသနာပါသူပီပီ တခါတလေ တချို့လက်နက်ကိုင်တွေ မကောင်းကြောင်းရေးမိရင် ကိုယ်က ဗမာဖြစ်လို့ သူတို့ကို မကောင်းပြောတယ် မြင်တယ်…။ကိုယ်ပြောတာ ဘယ်လိုမှန်မှန် ဗမာဖြစ်နေတာတစ်ခုတည်းနဲ့ ကိုယ်ဟာ ကျဆုံးရပါတယ်…။
ဗမာတွေ ဘာသာရေး လူမျိုးရေး အစွန်းရောက်တယ် ပြောခံရတယ်…။အစည်ကားဆုံး ရန်ကုန်မြို့ထဲ လာကြည့်ပါ…။ဘာသာပေါင်းစုံ ဘုရားဝတ်ပြုရာတွေ ရှိပါတယ်…။ဒါပေမယ့် အရေအတွက်အရတော့ ဗုဒ္ဓဘာသာများတဲ့အတွက် ဗုဒ္ဓဘာသာနဲ့ သက်ဆိုင်တာ များမှာပေါ့လေ…။နောက်ဆုံး ကုလားအရမ်းမုန်းပါတယ်ဆိုတဲ့ ဗမာတွေဟာ ဗလီသံကို သောကြာနေ့တိုင်း နားထောင်ပေးနေတာပဲ မဟုတ်လား.။လူမျိုးခြားတွေကို အချက်အခြာကျတဲ့နေရာတွေမှာ ပိုင်ဆိုင်ခွင့်ပေးထားပါသေးတယ်…။အများစုအားနဲ့ နှိမ်တယ်ဆို အဓိကနေရာတွေ မပိုင်ရ ပြဋ္ဌာန်းတော့မှာပေါ့ဗျာ…။
တစ်ခုတော့ရှိတယ်…။ဗမာတွေ မကောင်းတာလည်း ရှိပါတယ်…။ကျနော့်သူငယ်ချင်းထဲ ဗိုလ်ကြီးတစ်ယောက်ရှိတယ်…။သူတာဝန်ကျတော့ ပြောရရင် သူပုန်နယ်နားပေါ့လေ…။သူ့အိမ်က စီးပွားရေး အဆင်ပြေတယ်…။သူ့လစာအိမ်ပို့ပြီး သူလစာ ၄ဆလောက် ပြန်တောင်းနေရတဲ့ ဗိုလ်မွဲပေါ့လေ…။တစ်နေ့ သူကြက်သားစားချင်လို့…သူ့အောက်က တစ်ယောက်ကို ပိုက်ဆံပေးပြီး ရွာထဲသွားဝယ်လို့ ခိုင်းတယ်…။ဟိုကောင်က ပိုက်ဆံမပေးဘဲ…သေနတ်ပြပြီး ကြက်ရိုက်ယူလာတယ်…။အရမ်းမိုက်မဲတာနော်…။ကျနော့်ဘော်ဒါခမျာ နာမည်ကိုဆိုးလို့…။သူ့အဝတ်အစား ပိုက်ဆံပေးလျှော်ခိုင်းတယ်…။ဟိုကောင်က အာဏာရူးခိုင်းတယ်…။ကြာတော့ ဒီကောင်ပဲ ခိုင်းနေသလိုနဲ့ နာမည်ဆိုးတာပေါ့…။နောက်ပိုင်းမှ ဒီကောင်သိတယ်…။အဲဒီလို အာဏာရူး လက်နတ်ရူးတွေလည်း ရှိတာ ကျနော် ဝန်ခံပါတယ်…။
ဗမာတွေ အပျော်အပါးမက်တယ်…။ကျနော်ရောပဲ…။ဗမာတွေက ဘယ်ပွဲဖြစ်ဖြစ် ပါတယ်…။ဒီတော့ နေရာတကာ ဝင်ချယ်လှယ်တယ်လည်း မြင်သွားနိုင်ပါတယ်။တချို့ကျနော့် friတွေထဲမှာ ဒုက္ခရောက်နေတဲ့ တိုင်းရင်းသားတွေကို လုပ်အားပေးကြသူတွေရှိပါတယ်…။တခါတလေ သူတို့ရင်ထဲလည်း မကောင်းဘူးတဲ့…။သူတို့က ကူညီတာ…။ဟိုက ဗမာဆိုတဲ့ မျက်လုံးစိမ်းနဲ့ ကြည့်ကြတယ်လေ…။ဒါပေမယ့် ကြက်ခြေနီ ဖခင်ကြီးလို သာနှလုံးသွင်းပေါ့လို့ ပြောရတယ်…။တကမ္ဘာလုံးအတွက် ကြက်ခြေနီကို သူစီးပွားအပျက်ခံပြီး အစပြုခဲ့တယ်…။နောက်တော့ သူ့ကို တကမ္ဘာလုံးမေ့လျော့ထားကြတယ်…။သူ့မှာ စီးပွားပျက် မိတ်ဆွေပျက်နဲ့ စိတ်ထိခိုက်ပြီး ခြေဦးတည့်ရာသွားရင်း တောနယ်လေးတစ်ခုကိုရောက်…ဟိုမှာ ရှိတဲ့ ဆရာဝန်တစ်ယောက်က ဒါ"ဟင်နရီ ဒူနန့်…"ပဲဟ ဆိုပြီး ခေါ်ထားလို့ ကံကောင်းတာလေ…။အဲဒီ ဆရာဝန်ကောင်းလို့ နောက်ပိုင်း သူ နိုဘယ်ဆုကြီးရခဲ့တာ…။ဒီလိုပဲ လူတွေကို မင်းဘယ်လောက်ကူညီခဲ့ ကူညီခဲ့ ကြက်ခြေနီဖခင်ကြီးတော် အမေ့ခံရတာပဲ…သူ့ထက်စာရင် မင်းတော်ပါသေးတယ်ပေါ့…။ကိုယ်ကတော့ ချွေးသိပ်ပေးလိုက်ပါတယ်…။
နောက်ပြီး …
တိုင်းတပါးသွားဦး…အမေရိကလိုနေရာမျိုးတောင် မြန်မာပြည်က ဗမာတိုင်းရင်းသားထက် တခြားတိုင်းရင်းသားကို ဦးစားပေးတာမျိုးတွေရှိတယ်…။ဗမာတေရွဲ့ဖိနှိပ်ခံတွေ ပိုသနားဖို့ကောင်းတယ် အမြင်မျိုးပေါ့…။
တကယ်ပါ ဗမာဖြစ်ရတာ အဖြစ်ဆိုးတယ်…။
ဘယ် တိုင်းရင်းသားရေကြီး
ဘယ် တိုင်းရင်းသားမြေပြို
ဘယ် တိုင်းရင်းသားအကြမ်းဖက်ခံရ
နောက်ဆုံး
ဘယ်ကုလား မတရားအသတ်ခံရ …
ကျနော်ဟာ ဗမာတိုင်းရင်းသားတစ်ယောက်လို ကျနော့်ကို ကျနော်ခံစားရပေမယ့် …
ကျနော် ငိုတယ်…ဝမ်းနည်းရတယ်…မခံမရက်နိုင် ဖြစ်ရတယ်…။
ဒါပေမယ့်
ကျနော့်ကို တချို့က
စောက်ဗမှား…
စောက်ငပိစားပြီး ဦးနှောက်မရှိလို့ လူလူချင်းကိုးကွယ်တဲ့ အိုင်ဒီယာတွေနဲ့ …
ပြောကြပါတယ် …
ဆဲကြပါတယ်…
ဗမာချင်းလဲ ကျနော့်ကို ဟိုဘက်ပါတယ် ဒီဘက်ပါတယ်ဆိုပြီး ဆဲကြပါတယ်…။
ဒါကြောင့်
"တစ်ခါတလေ ဗမာဖြစ်ရတာ စိတ်ကုန်လာမိတယ်…"
ဒါပေမယ့်
ကျနော်ဟာ ဟင်နရီ ဒူနန့် …မဟုတ်ပါဘူး…။
သူ့လောက် မေတ္တာတရား မကြီးမားပါဘူး…။
သို့သော်
ကိုယ့်ထမင်းကိုယ်စားပြီး ကမ္ဘာ့အဆဲအခံနိုင်ဆုံး ဗမာတိုင်းရင်းသားတစ်ယောက်အဖြစ်သာ ဆက်ရှိနေမှာပါ…။
--
#zeroneo
cm တွေမှာတွေ့နေရတယ်…
သွေးခွဲစကားတွေ …
ဗမာတွေ စည်းလုံးဖို့ပြောတာ ကျနော်သဘောမကျဘူး…
မြန်မာတွေ စည်းလုံးဖို့ …အဲဒီလိုပြောစေချင်တယ်…
တစ်နိုင်ငံလုံး တစ်နိုင်ငံလုံး…
ပြီးတော့
ဘယ်တိုင်းရင်းသားဖြစ်ဖြစ်
e.g..ဗမာ ဖြစ်ဖြစ် ...ဘာလူမျိုးဖြစ်ဖြစ်
ဝေဖန်တာမခံရတဲ့သူမရှိပုထင်ပါတယ်။
ကိုယ့်ကို သဘောကျတဲ့သူရှိသလို သဘောမကျတဲ့သူတွေလည်း ရှိနေကြမယ်ထင်ပါတယ်။ လူအားလုံးမှာ အားသာချက် ၊အားနည်းချက်တွေ ကိုယ်စီကိုယ်စီရှိကြ
မယ်လို့လည်းထင်ပါတယ်။
ကိုယ်က ကောင်းတာလုပ်ရင် ၊ ကောင်းကျိုးရလိမ့်မယ်…။
ဒီဗမာပဲ မကောင်းနေတာ
ဒီကောင်ကြောင့် အဲလိုမျိုး မမြင်စေချင်လို့ရေးတာပါ…။ပြောရမှာ ရှက်တယ်

Comments
Post a Comment